ငပု‌တောမြို့နယ် အုန်းပင်စုကျေးရွာ၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး Rice Export Zone ဆောင်ရွက်မည့် တောင်သူများအား (ပထမ)အကြိမ် စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်

ငပုဝောာ ဇူလိုင် ၇

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုဝောာမြို့နယ် အုန်းပင်စုကျေးရွာ၌ NayChi Ayeyar Co.,Ltd မှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး Rice Export Zone ဆောင်ရွက်မည့်တောင်သူများအား (ပထမ)အကြိမ် စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အုန်းပင်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ဦးစွာခရိုင်အဆင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ပုသိမ်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌အောင်ဆန်းဦး က နိုင်ငံတော်မှတောင်သူများအား အတိုးနှုန်းသက်သာစွာဖြင့် သွင်းအားစုများကို သုံးစွဲနိုင်‌ရေး အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သီးနှံများပိုမိုဖြစ်ထွန်းအောင်မြင်အောင် စနစ်တကျ စိုက်ပျိုးကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုး‌ရေးဦးစီးမှူးက သွင်းအားစုများ ပေးအပ်ရသည့်ကိစ္စနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်အဆင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူးနှင့် မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက တောင်သူများထံသို့ သွင်းအားစုများနှင့်  Rice Export Zone (၆၀၀) ဧက အတွက် တစ်ဧကလျှင် ငွေကျပ် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆,၀၀၀,၀၀၀,၀၀၀) ကျပ်အား ပထမအရစ် ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

အောင်သူ