အိမ်မဲ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကြို့ကုန်းကျေးရွာအုပ်စု ပေပင်စု ကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ပျိုးပင်များအားပေးအပ်ခဲ့ပြီး မြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး စတင်မျိုးလွင်က သစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက် များကို ပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများက မန်ဂျန်ရှား အပင် (၃၀၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
“ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းဖြစ်ပြီး ကျေးရွာများ ၌သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတရေးနှင့် သစ်တောသစ်ပင်များကို စုပေါင်းစိုက်ပျိုး တတ်စေရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း” မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင် ပြောကြားချက် အရသိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)