မိုင်းရယ်မြို့နယ်တွင် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) ဖွင့်လှစ်

မိုင်းရယ် ဇူလိုင် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မိုင်းရယ်မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးတေဇာထက်အောင်က အဆိုပါသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးတေဇာထက်အောင်က အခြေခံသိသင့်သိထိုက်သည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာဘာသာရပ်(၁၁)ခုကို ဆွေးနွေးပို့ချပေးခဲ့ကြပါသည်။ အဆိုပါဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)အား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းခမ်းကော်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းလောင်မုန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ (၂၈)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်