ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ငါးလုပ်ငန်းဉီးစီးဌာနမှ မြစ်ချောင်းအင်းအိုင်များတွင်၊ ငါးသယံဇာတ၊ ရေသယံဇာတတိုးပွားစေရေးနှင့် ကျေးလက်နေပြည်သူများ၊ ငါးရိက္ခာပိုမိုဖူလုံလာစေပြီး၊ စားသုံးမှုမြင့်မားလာစေရေး၊ သားစဉ်မြေးဆက် ငါးစားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ ၊ ဇူလိုင်လ ၇ရက်နေ့ နံနက် ၇ အချိန်က ဟင်္သာတမြို့နယ်၊ ပခန်းရပ်ကွက်၊ ကမ်းနားကြီးသင်္ဘောဆိပ်၌ဧရာဝတီမြစ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။