သံတောင်ကြီးမြို့တွင် တောင်ယာသီးနှံများဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Sep 05,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြင့် အဓိကလုပ်ကိုင်လျက်ရှိရာ အဆိုပါစိုက်ပျိုးရေးလုပ်ငန်း မလုပ်ကိုင်မီ မိမိတို့ပိုင်ဆိုင်သည့် မြေလွတ်များတွင် တောင်ယာများခုတ်ကာ နှစ်တိုပင် သီးနှံပင်များ စိုက်ပျိုးပြီးယခုအချိန်တွင် တောင်ယာသီးနှံများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြကြောင်း သိရသည်။