မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်

​မိုင်းခုတ် ဇူလိုင် ၇

​ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

​အဆိုပါ ကျန်းမာရေးစစ်ဆေးမှုတွင် မိုင်းခုတ်မြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်ကေသီထွန်း ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ၏ ကိုယ်အလေးချိန်နှင့်အရပ်တိုင်းတာခြင်း၊ အာဟာရပြည့်ဝမှုအခြေအနေများကိုစစ်ဆေးခြင်း၊ မျက်စိ၊ နား၊ နှာခေါင်းနှင့် လည်ချောင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးခြင်းများအပြင် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်သက်သည်များကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။​ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မေစိုးနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စစ်ဆေးမှုခံယူနိုင်ရန်အတွက် လိုအပ်သော ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းခုတ်(ပြန်/ဆက်)