သတင်းများ

ရန်ကုန်တိုင်းဒေသကြီး MSMEs တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပ
Nov 03,2025
ရန်ကုန်တိုင်းဒေသကြီး MSMEs တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ယမန်နေ့နံနက်ပိုင်းစတင်၍ ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပရာ ဒေသထွက်ထုတ်ကုန်များ ရောင်းချသူနှင့် ဝယ်ယူအားပေးကြသူများဖြင့် စည်ကားလျက်ရှိသည်။
တပ်ကုန်းမြို့၌ မြန်မာ့ရိုးရာနွားအလှနှင့်နွားလှည်းယဉ်ကြော့ပြိုင်ပွဲ ဒုတိယရက် ဆက်လက်ယှဉ်ပြိုင်
Nov 03,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြို့နယ်လုံးဆိုင်ရာ(၅၅)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကြီးတွင် အလှပဒေသာပင်များ၊ စျေးဆိုင်များ၊ နိုင်ငံကျော်အဆိုတော် စတိတ်ရှိုးလှည့်ကား၊ မြန်မာ့ရိုးရာ နွားအလှနှင့် နွားလှည်းယဉ်ကြော့ပြိုင်ပွဲ၊ မီးပုံးပျံလွှတ်တင်ခြင်းများ ပါဝင်လျက်ရှိရာပွဲတော်ကြီးကို အောက်တိုဘာ ၃၁ရက်(တန်ဆောင်မုန်းလဆန်း ၁၁ ရက်)က စတင်ကျင်းပခဲ့ရာ နိုဝင်ဘာ ၂ ရက်နေ့နံနက်ပိုင်းက  နွားအလှနှင့်နွားလှည်းယဉ်ကြော့ပြိုင်ပွဲ ဆက်လက် ကျင်းပခဲ့သည်။
မိုင်းဖြတ်တပ်နယ်၌ စုပေါင်းမဟာဘုံကထိန် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
Nov 02,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ တပ်နယ်မိသားစု၏ စုပေါင်းမဟာဘုံကထိန် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိကျောင်း‌ဆောင်၌ ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့ ကျက်သရေဆောင် ကျိုက်မုရောစေတီကျောင်း၌ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Nov 02,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ ကျိုက်မုရောစေတီ(တောင်ပေါ်ကျောင်း)၌ စစ်ဗျူဟာအဖွဲ့ (အခြေချ)လှိုင်းဘွဲနှင့် တပ်ရင်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မရှင်၊ ဌာနဆိုင်ရာ မိသားစုများ၊ မြို့နေပြည်သူများ၊ ဈေးသူ၊ ဈေးသားများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် ပဒေသာပင်များ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
ကမ်းခြေဒေသထွက်အုန်းသီးများ စျေးနှုန်းကျဆင်းပြီး အရောင်းအဝယ်မရှိ၍ အုန်းခြံသမားများ အခက်ကြုံ
Nov 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုတန်ဆောင်မုန်းလဆန်းမှစတင်၍ ဒေသထွက်အုန်းသီးများ စျေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ရပ်တန့်လျှက်ရှိရာ ဒေသခံ အုန်းခြံသမားများ အခက်ကြုံလျက်ရှိသည်။
(၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဆု‌ပေးပွဲ အခမ်းအနားကျင်းပ
Nov 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် (၃)မိုင်မြို့သစ်ရှိ နယူးရွှေတာဖူဆယ် ဘောလုံးကွင်းတွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲဆု‌ပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ကျောင်းကုန်းမြို့၌ (၃၄)ကြိမ်မြောက်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲ ဆင်နွှဲ
Nov 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ (၃၄)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကိုသစ်ဆိမ့် ကုန်းအုပ်စု၊ နတ်ချောင်းကျေးရွာ ရတနာရက္ခိတကျောင်း ၌ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့၌ အကြိမ် (၃၀) မြောက် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 02,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ (၃၀) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဂန့်ဂေါမြို့ကျက်သရေဆောင်သာသနာ့ဗိမာန်တော် ကြီးတွင် ကျင်းပရာ ရှေးဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင် ရှုံးရှီကျေးရွာ လယ်တီကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခသာမိထံမှ ငါးပါးသီလကို ခံယူဆောင်တည်ကြသည်။