သတင်းများ

မှော်ဘီမြို့နယ်မြို့နယ်တွင် "လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော"လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်" ပြည်သူ့စကားဝိုင်း (Public Talk)ကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲ အခမ်းအနား ကျင်းပ
Jul 24,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
လက်ပံတန်း၌ မီးရထားဥပဒေနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး
Jul 24,2026
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ မအူကုန်ရပ်ကွက် အောင်ရိပ်သာကျောင်းဓမ္မာရုံ၌ ယမန်နေ့ ညနေပိုင်းက မီးရထားဥပဒေနှင့် ယာဉ်စည်း ကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပရာ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က အမှာစကားပြောကြားသည်။
လင်းခေးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 24,2026
လူငယ်လူရွယ်များ အသိပ ညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်ရေး ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ပံတန်း၌ အသားငါးနှင့်ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ
Jul 24,2026
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် (၁)လမ်းမြို့မဈေးတွင် ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ကြက်သားနှင့်ဟင်းသီးဟင်းရွက်များ ရောင်းချ ပေးလျက်ရှိသည်။
မင်းလှမြို့၌ ဆီ၊သား၊ငါးနှင့် စားသောက်ကုန်များ ချိုသာသောဈေး နှုန်းဖြင့်ရောင်းချပေး
Jul 24,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆီ၊ သား၊ ငါးနှင့် စားသောက်ကုန်များ ချိုသာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို မြို့မဈေးကြီးရှေ့၌ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
သုံးခွမြို့နယ် ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး မှုခင်းကျဆင်းရေး ဟောပြောပွဲပြုလုပ်
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို အမှတ် (၈) ရပ်ကွက်၊ ဥက္ကံသွန်းဘုရားကြီးတန်ဆောင်းအတွင်း ဇူလိုင် ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်အတွင်း မိုးစပါးနှင့်အခြားသီးနှံများစိုက်ပျိုးပြီးစီး
Jul 24,2026
ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေးအတွက် ယခုနှစ် မိုးရာသီကာလအတွင်း မိုးစပါးစိုက်ဧက  ၄၈၈၆၀ နှင့် အခြားမိုးသီးနှံများကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု များတွင် စိုက်ပျိုးပြီးစီးခဲ့သည်။