ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပခုက္ကူ ဇူလိုင် ၂၄

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၄နာရီက ကျင်းပပြုလုပ်သည်။

ပထမဦးစွာ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲဗိုလ်လုပွဲအဖြစ် အနော်ရထာအသင်းနှင့် အလောင်းဘုရားအသင်းတို့ယှဉ်ပြိုင်ကစားကြရာ အနော်ရထာအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိသည်။ မိုးရာသီအားကစားပြိုင်ပွဲအဖြစ် ဘောလီဘော(ကျား/မ)၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့်ဘောလုံးအားကစားပြိုင်ပွဲများကို ၂၀၂၆ခုနှစ် ဇွန်လ၂၉ရက်မှ ဇူလိုင်လ၂၃ရက်အထိကျင်းပခဲ့ပြီး ပြိုင်ပွဲအမျိုးအစားအလိုက်ဆုရရှိသူများကို ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်သန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မယ်ခွေ