တောင်တွင်းကြီး ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာထုတ်ယူသူများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် အခက်ခဲမရှိစေရန် အုပ်စုများဖွဲ့ကာ သတ်မှတ်ရက်များတွင်း အလှည့်ကျထုတ်ပေးခြင်း၊ ပင်စင်လစာများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်ပါက မိသားစုဝင်တစ်ဦးဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လာရောက်ထုတ်ယူရာတွင် အခက်ခဲမရှိစေရန်၊ အဆေပြေချောမွေ့စေရန်နှင့် လူစုလူဝေးမဖြစ်စေရန် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပင်စင်ထုတ်ယူရာတွင် လစဉ် (၂၁)ရက်နေ့မှ လကုန်ရက်အထိရုံးဖွင့်ချိန်တွင် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဦးမျိုး(ဗိဿနိုးမြေ)