သတင်းများ

မဟာအောင်မြေမြို့နယ်၌ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ရေး ပညာပေးဆွေးနွေးပွဲကျင်းပ
Jul 24,2026
‎မဟာအောင်မြေမြို့နယ်၌​ ကျောင်းသား၊ ကျောင်းသူများ အမှိုက်များကို အမျိုးအစားလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ အမှိုက်ခွဲခြားစွန့်ပစ်ရေး ပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.လ.ကခွဲ (၄)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jul 24,2026
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်း၊  အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ မန္တလေးမှ တပ်ဖွဲ့စုမှူးရဲမှူးခင်မာဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။
ဖားကန့်မြို့၌ ဌာနဆိုင်ရာများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ယာယီ‌နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Jul 24,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့က ယာယီ‌နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများကို ဇူလိုင် (၂၂) ရက် ညနေ (၃) နာရီက ဖားကန့်မြို့ မြို့ဦးစေတီဘုန်းတော်ကြီးကျောင်း၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ် ပမ္မဝတီကျေးရွာအုပ်စုအတွင်း ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သင်တန်းဖွင့်လှစ်
Jul 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပမ္မဝတီကျေးရွာအုပ်စုတွင် ပြည်သူများ ရောဂါဘယကင်းဝေးစေရန်နှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သင်တန်းကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ် ကွန်နင်ကျေးရွာ၌ မျိုးစေ့ချကိရိယာဖြင့် မိုးပဲပုတ် အစေ့ချစိုက်ပျိုးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး
Jul 24,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ထားသော မျိုးစေ့ချကိရိယာဖြင့် မိုးပဲပုတ် အစေ့ချစိုက်ပျိုးသည့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူများ ကွန်နင်ကျေးရွာ၌ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
မိုင်းနောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center တွင် စာဖတ်ဝိုင်းဆောင်ရွက်
Jul 24,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်း​နောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် ယနေ့နံနက်(၁၁)နာရီအချိန်က စာရေးဆရာ ဖေမြင့် ရေးသားထားသော ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ
Jul 24,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီက ရွှေသူဌေး ရပ်ကွက်၊ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့ အခြေခံပညာမူလတန်း(မြောက်ရပ်)ကျောင်း၌ မူကြိုကျောင်းကလေးငယ်များ အာဟာရကျွေးမွေး
Jul 24,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မူကြိုကျောင်းကလေးငယ်များ ကျန်းမာသန်စွမ်းပြီးအာဟာရပြည့်ဝစေရန်ရည်ရွယ်၍ အာဟာရကျွေးမွေးခြင်းအစီအစဉ်များကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာမူလတန်း(မြောက်ရပ်)ကျောင်း၌ ကျွေးမွေးခဲ့သည်။