ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံမြောက် ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၄၀) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ Diamond Knowledge (International School)တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ်ကာကွယ်‌ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သဘာဝဘေး အန္တရာယ်များဖြစ်သော မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား ရှင်းလင်းပြသခြင်း၊ မီးလောင်မှုအား လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို မြိုနယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င် (၁၀) ဦးတို့ဖြင့် အသိပညာပေး ပြောကြား ခဲ့သည်။
အဆိုပါဟောပြောပွဲသို့ Diamond Knowledge (International School) မှ ကျောင်းအုပ်ဆရာကြီး Mr.JC နှင့် ဆရာ/ဆရာမ (၄၀)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦး၊ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။
နေခြည်(ပြန်/ဆက်)