သတင်းများ

နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်ခြင်းနှင့် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း (မွမ်းမံ)သင်တန်း ဖွင့်လှစ်
Dec 24,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအသီးသီးတွင် မဲရုံအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများအား လုပ်ငန်းလမ်းညွှန်ခြင်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း(မွမ်းမံ)သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)ကျောင်းခန်းမတွင် ဆရာ/မ (၂၀၀)ဦး တက်ရောက်လျက်ရှိသည်။
မြစ်ကြီးနားမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၁၆/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 24,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၁၆/၂၀၂၅)ဖွင့်ပွဲကို မြစ်ကြီးနားမြို့၊  ပမ္မတီးရပ်ကွက် ရေကြည်ဘုန်းတော်ကြီးကျောင်းတိုက်၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်
Dec 24,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ကျင်းပပေးလျက်ရှိ
Dec 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ရောက်ရှိမည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စစ်တုရင်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁) နာရီက ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာ အထက်တန်းကျောင်းများက ကျောင်းသားများ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ တတိယအကြိမ်မဲစာရင်း ထုတ်ပြန်ကြေညာထားရှိ
Dec 24,2025
ဧရာဝတီ၊ဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ယနေ့မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိမှုကို လာရောက်ကြည့်ရှုသော ဒေသခံပြည်သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တွေ့ဆုံအားပေးခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်များက ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်
Dec 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာစန်းဝင်း၏ ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်များက ဒေါင်းရေကျော်ကျေးရွာအုပ်စု၊ မြင်းကကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကွင်းဆင်းဆောင်ရွက်သည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ကျောင်းကြီးစု ကျေးရွာ၌ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ
Dec 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံချောင်းဖျားကျေးရွာအုပ်စု၊ နွားရေကျော်ကျောင်းကြီးစုကျေးရွာ၌ Drum seeder ဖြင့်စိုက်ပျိုးခြင်းသရုပ်ပြပွဲနှင့် ကန်သင်းဘောင် နေကြာစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ငှက်ပျောသီးနှံပင်များစိုက်ပျိုး ဖြစ်ထွန်း
Dec 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လူ့ခန္ဓာကိုယ်အတွက် အားအင်ဖြစ်စေရန် မရှိမဖြစ်လိုအပ်သော ပိုတက်စီယမ်ဓါတ်ပါရှိသည့် တစ်ပိုင်တစ်နိုင် ငှက်ပျောသီးနှံပင်များ စိုက်ပျိုးဖြစ်ထွန်းမှုကြောင့် မိသားစု အပိုဝင်ငွေများ ရရှိလျှက်ရှိကြောင်း သိရသည်။