လပွတ္တာမြို့နယ်၌ စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ရောင်းချပေးနေမှု ကြည့်ရှုစစ်ဆေး

လပွတ္တာ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချပေးနေမှုများကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်ထွေအုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်နှင့် လက်ကား ကိုယ်စားလှယ်များ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ၊ မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ မရှိနှင့် ရရှိသောဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ် ရောင်းချမှု ရှိ၊ မရှိကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်