ကျောက်ဆည် ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ Denko၊ Max စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ် လုံခြုံရေးလုပ်ငန်းများ စစ်ဆေးရာ၌ စက်သုံးဆီအရောင်းဆိုင်များတွင် ထားရှိသော အပေါ့စား ရေစုပ်စက်၊ ရေပက်ပိုက်လိပ်၊ ရေပိုက်ခေါင်းများနှင့် တပ်ဆင်ထားသော မီးသတ်ပစ္စည်း ကိရိယာများအား ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး ဟောပြောခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)