ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဝဥနှင့် အစေ့ထုတ်ပြောင်းသီးနှံ စနစ်တကျ ထုတ်လုပ်နည်းပညာပေး သင်တန်းဖွင့်လှစ်

ဟားခါး ဇူလိုင် ၂၄

ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဝဥနှင့် အစေ့ထုတ်ပြောင်းသီးနှံ စနစ်တကျ ထုတ်လုပ်နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၃ နံနက် ၁၀နာရီက ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဟားခါးမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်အုပ်မန်းက အဖွင့်အမှာစကားပြောကြားပြီး ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မင်းသန့်က သင်းတန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အားလည်းကောင်း၊  ချင်းပြည်နယ် မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြတ်သုဝေက၊ ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမင်းဇော်နိုင်နှင့် ချင်းပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်လွင်ဦးတို့က မိမိတို့ဌာန၏ သိမှတ်စရာများကို အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။

အဆိုပါ ဝဥနှင့် အစေ့ထုတ်ပြောင်းသီးနှံ စနစ်တကျထုတ်လုပ်နည်းပညာပေးသင်တန်း ကိုဇူလိုင် ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား (၅၅) ဦး တက်ရောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

(ခရိုင်ပြန်/ဆက်)