လက်ပံတန်း၌ မီးရထားဥပဒေနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး

လက်ပံတန်း ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ မအူကုန်ရပ်ကွက် အောင်ရိပ်သာကျောင်းဓမ္မာရုံ၌ ယမန်နေ့ ညနေပိုင်းက မီးရထားဥပဒေနှင့် ယာဉ်စည်း ကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပရာ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်ကျော်လွင်နှင့် အထူးတန်းရုံပိုင်ကြီး ဦးအေးမင်းဦး တို့က ရထားလမ်း‌ဝန်းကျင်နေထိုင်သူ မြန်မာ့မီးရထားခရီးသွားပြည်သူများအနေဖြင့် တားမြစ်ထားသည့် လမ်းကူးများမှ စည်းကမ်းမဲ့လမ်းဖြတ်ကူးခြင်း၊ မီရထားသံလမ်းပေါ်သို့ ကျောက်ခဲ တစ်စုံတရာတင်ခြင်း၊ မီးရထားပေါ်သို့ ရွှံ့စေးကျောက်ခဲတို့ဖြင့် ပစ်ပေါက်ခြင်းများ မပြုလုပ်ရန်နှင့်  မီးရထားလမ်း ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်ရေးတို့ကို ဆွေနွေးပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

မျိုးမင်းထွန်း(မြို့နယ်ပြန်/ဆက်)