သုံးခွ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို အမှတ် (၈) ရပ်ကွက်၊ ဥက္ကံသွန်းဘုရားကြီးတန်ဆောင်းအတွင်း ဇူလိုင် ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စခန်းမှူး တင်ဖေက ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ လူသတ်မှု၊ လောင်းကစားမှု၊ မုဒိမ်းမှု၊ လူကုန်ကူးမှုများ စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေး လက်ကမ်းစာစောင်များကို ဟောပြောပွဲတက်ရောက်လာသည့် ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)