မင်းလှမြို့၌ ဆီ၊သား၊ငါးနှင့် စားသောက်ကုန်များ ချိုသာသောဈေး နှုန်းဖြင့်ရောင်းချပေး

မင်းလှ  ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆီ၊ သား၊ ငါးနှင့် စားသောက်ကုန်များ ချိုသာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို မြို့မဈေးကြီးရှေ့၌ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ဒေသခံပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေး  အတွက် ဟင်းသီးဟင်းရွက်များနှင့်  ဆန်တစ်ပြည်(၃၀၀၀)၊ ဆီတစ်ပိသာ (၇၉၂၀)၊ ကြက် တစ်ပိသာ(၂၂၀၀၀)၊ ဝက်သားတစ်ပိသာ(၂၀၀၀၀)၊ အမဲသား(၁၉၀၀၀)၊ ဆိတ်သား တစ်ပိသာ(၂၃၀၀၀)၊ ငါးတစ်ပ်သာ (၁၀၀၀၀)၊ကြက်ဥတစ်လုံး(၅၀၀) နှုန်းတိုဖြင့် ရောင်းချပေးခဲ့ သည်။

အဆိုပါရောင်းချပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဒေါ်သီတာဝင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မိုးစန္ဒာနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှု့အားပေးခဲ့၍ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြောင်း၊ အပတ်စဉ် သောကြာနေ့တိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)