သတင်းများ

ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ ပဲမျိုးစုံလျာထားဧကထက် ပိုမိုစိုက်ပျိုး
Dec 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံလျာထားဧက ထက်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါင်းတည်မြို့၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းများဆိုင်ရာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချ
Dec 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းများဆိုင်ရာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချ‌ပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား တက်ရောက်
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သူနာပြုသင်တန်းကျောင်း (မန္တလေး)တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။       
မိုင်းဖြတ်မြို့နယ်၌ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Dec 24,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့က သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြေညာထားကြောင်း သိရသည်။ 
ပဲခူးမြို့၌ အခွန်အရပ်ရပ်ကောက်ခံရရှိမှု အလုပ်ရုံဆွေးနွေးပွဲနှင့် အခွန်အရပ်ရပ်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Dec 24,2025
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ လွတ်ကင်းမှုမရှိစေရေးနှင့် တိုင်းဒေသကြီးအနေဖြင့် အခွန်အရပ်ရပ်ကောက်ခံရရှိမှု အလုပ်ရုံးဆွေးနွေးပွဲနှင့် အခွန်အရပ်ရပ် တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပဲခူးမြို့၊ လူငယ်စင်တာခန်းမ၌ ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ပွင့်လင်းရာသီတွင်ဆောင်ရွက်သွားမည့် ရေလမ်းကြောင်းထိန်းသိမ်းရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ကွင်းဆင်းစစ်ဆေး
Dec 24,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သည် နှစ်စဉ်မိုးရာသီတွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်အတွက် မြို့ပေါ်ရပ်ကွက်များတွင် ရေဝင်နစ်မြှုပ်လေ့ရှိသဖြင့် ကချင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုကို ခံယူ၍ ကမ်းထိန်းရေကာတာ လုပ်ငန်းများ၊ ရေထိန်းတံခါးစီမံကိန်းများနှင့် ရေလမ်းကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများကိုစီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ပွင့်လင်းရာသီတွင် ‌ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တံတားဦးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 24,2025
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို တံတားဦးမြို့ မြို့မဈေး၊ နွားကျော်ဒဈေးနှင့် လူစည်ကားသည့် လက်ဖက်ရည်ဆိုင်များသို့ ယနေ့နံနက် ၁၀ နာရီက အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
တံတားဦးမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ထုတ်ပြန်ကြေညာ
Dec 24,2025
မကြာမီကာလအတွင်း ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။