သတင်းများ

နောင်မွန်းမြို့နယ်၌ ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများအား အာဟာရဒါနနှင့် ကြက်သွန်(ဖြူ/နီ)များ ပေးအပ်လှူဒါန်း
Jul 24,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ ပင်စင်စား(အငြိမ်းစား) ဝန်ထမ်းများအား “ကဆန်အီသျှစ်”ဝန်ထမ်းပေါင်းစုံသမဝါယမ (လီမီတက်) အာဟာရဒါနနှင့် ကြက်သွန်(ဖြူ/နီ)များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲချိန်က နောင်မွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
Jul 24,2026
ကျောင်သား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများ အားသိရှိစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများတိုးပွားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်း စာသင်ကျောင်း အခြေပြုမီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို ဇူလိုင်လ ၂၂ ရက်နေ့က အတွင်းသဲဖြူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအတွက် အာဟာရဖြည့်စွက်စာနှင့်ချီးမြှင့်‌ငွေများ ပေးအပ်
Jul 24,2026
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ  ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု သောင်‌ဖြူကျေးရွာရှိ တိုးတက်အောင် ရေငန်ပုစွန်မွေးမြူထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ သမဝါယမထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးလုပ်ငန်းသို့ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုသည်။
တိုက်ကြီးမြို့နယ်၌ ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း မြို့ (၅) တွင် ကွင်းဆင်းဆောင်ရွက်သည်။
နောင်မွန်းမြို့နယ်၌ လူကုန်ကူးမှုနှင့်မူးယစ်‌ ဆေးဝါးအန္တရာယ်နှင့် စာ‌ပေအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 24,2026
‎ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊နောင်မွန်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲကို ဇူလိုင် (၂၂) ရက် နံနက် ၁၀နာရီ ချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အကျိုးပြု ရက် ၁၀၀ စီမံချက်အရ ညောင်ဦးမြို့နယ် မြေနဲလေးကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jul 24,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မြေနဲလေးကျေးရွာအုပ်စု၊ မြေနဲလေးကျေးရွာ ပြည်သူများအား ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကို ဇူလိုင် ၂၄ ရက်၊ နံနက် ၁၀ နာရီက မြေနဲလေးကျေးရွာ လူထုဗဟိုပြုအစည်းအဝေးခန်းမတွင် ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူ သင်္ဃန်းကျွန်းခရိုင် ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို  ယမန်နေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းခရိုင် ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ အခြေခံပညာအလယ်တန်း(လေ့ကျင့်ရေး)ကျောင်း၌ ကျင်းပပြုလုပ်ရာ  ရန်ကုန်တိုင်းဒေသကြီး၊ ၀န်ကြီးချူပ်  ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ  ၊ တိုင်းဒေသကြီး စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး  ရန်ကင်းမြို့နယ် ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊  ကျောင်းသူများက ဘင်ခရာတီးဝိုင်း နှင့် ပန်းပွားအက ၊ ရှမ်းအိုးစည်အကတို့ဖြင့် ကြိုဆိုကြသည်။
ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခွင် ကန္တာရပင်များရှင်းလင်းရေးနှင့် ရှေးဟောင်းသာသနိကအဆောက်အအုံများကွယ်နေသည့် သစ်ပင်ကြီးများအား ရှင်းလင်း
Jul 24,2026
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခွင် ကန္တာရပင်များရှင်းလင်းရေးနှင့်ရှေးဟောင်း သာသနိကအဆောက်အအုံများကွယ်နေသည့် သစ်ပင်များ ကိုင်းများဖြတ်တောက်ရှင်းလင်းခြင်း၊ ပေါင်းမြက်၊ ခြုံနွယ်များရှင်းလင်းလုပ်ဆောင်နေသည့် နေရာများကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၂၄ ရက်နံနက် ၁၀ နာရီက ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။