လက်ပံတန်း၌ အသားငါးနှင့်ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

လက်ပံတန်း ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် (၁)လမ်းမြို့မဈေးတွင် ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ကြက်သားနှင့်ဟင်းသီးဟင်းရွက်များ ရောင်းချ ပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီက ကြီးကြပ်၍မွေးမြူရေး လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆက်သွယ်ကာ အပတ်စဉ် တနင်္လာနှင့်သောကြာနေ့ နံနက် ၇နာရီမှစ၍ ရောင်းချ ပေးလျက်ရှိရာ သက်သာသောဈေးနှုန်း၊ မှန်ကန်သောအလေး ချိန်များဖြင့် ယခုရက် သတ္တပတ်၌ ဆီတစ်ပိဿာ ခုနှစ်ထောင်ကိုးရာကျပ်၊ စီပီ ကြက်သားဈေး တစ်ပိဿာ နှစ်သောင်းနှစ်ထောင်ကျပ်၊ ငါးတစ်ပိဿာ ကိုးထောင် ကျပ်၊ ကြက်ဥတစ်လုံး ငါးရာကျပ် ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများသို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)