သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့၌ နွေသီးနှံ ဝါနှင့် နှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး
Jan 20,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တွင်နွေသီးနှံ ဝါနှင့် နှမ်းပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်ဦးရွှေဇင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါပြီး သာစည်မြို့နယ် အောင်သာကျေးရွာနှင့် နှမ်းကန်ကျေးရွာတို့မှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။