သတင်းများ

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်
Jan 20,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်နှင့် ကျေးရွာများရှိ အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များကို Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၆၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး
Jan 20,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိများက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းထိ ၆၅ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ် မြို့မစျေးအတွင်း မီးဘေးလုံခြုံရေး တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး ကြပ်မတ်ဆောင်ရွက်
Jan 20,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စလင်းမြို့မစျေးကြီးနှင့် ဆင်ဖြူကျွန်း မြို့မစည်ပင်သာယာစျေးကြီးတို့အား ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ စျေးများအတွင်းရှိ စျေးဆိုင်ခန်းများ မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ည(၆)နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့များမှ စျေးအတွင်းအပြင် လုံခြုံစိတ်ချမှုရှိစေရန် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 20,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကျေးရွာနေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ကုန်းဇောင်းကျေးရွာသို့ သွားရောက်ပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
တန့်ယန်းမြို့နယ် ရေလည်ကျောင်းတိုက် ဆရာတော်ကြီး၏ (၇၁) နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲကျင်းပ
Jan 20,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရေလည်ကျောင်းတိုက်၏ ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တ နန္ဒသာမိ၏ (၇၁) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် ကံထပ်မင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ရေလည်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့ မြို့မဈေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jan 20,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign)နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၇)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ‌ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ ဆေးကုသပေးလျက်ရှိ
Jan 20,2025
တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ကျွန်းရတနာခန်းမ၌ အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 20,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်နှင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကိုယနေ့ နံနက် ၉ နာရီခွဲက မိုင်းခုတ်မြို့ရှိ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)သို့  ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။