လွိုင်လင်မြို့တွင် မူလတန်းအဆင့် ရုပ်ပုံကားချပ်ကြည့် စာစီစာကုံးပြိုင်ပွဲကျင်းပ

လွိုင်လင် ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် ၂၀၂၄ ခုနှစ် ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်းအဆင့် ရုပ်ပုံကားချပ်ကြည့် စာစီစာကုံးပြိုင်ပွဲ (မြို့နယ်အဆင့်)ကို ယမန်နေ့နံနက်ပိုင်းက  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါပြိုင်ပွဲကျင်းပနေမှုအား ပညာရေးဌာနမှတာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲသို့ လွိုင်လင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း(၂၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)