သတင်းများ

ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ  အမျိုးသား၊ အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Jan 20,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်က မြို့မအားကစား‌ဘောလုံးကွင်း၌ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် ဒီးဒုတ်ဦးဘချိုစာကြည့်တိုက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၅) ရပ်ကွက်တွင် ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ အသစ်ဆောက်လုပ်မည့် ဒီးဒုတ်ဦးဘချိုစာကြည့်တိုက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 20,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အ.ထ.က(၁၃)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ အသိပေးရှင်းလင်းပွဲ ကျင်းပ
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံတော်၏ အရေးကြီးသည့် လူသားအရင်းအမြစ်များဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်ရည်ရွယ်၍ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် စားဖိုဆောင်သီးနှံ ပန်းဂေါ်ဖီ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 20,2025
တံတားဦးခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာ၌ ဆောင်းသီးနှံရာသီတွင် ဒေသခံတောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး ကွင်းဆင်းကြည့်ရှု
Jan 20,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးချုပ်မှ တိုင်းအင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ ဒုတိယညွန်ကြားရေးမှူး ဦးအောင်ဇော်မင်းနှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးနေအောင်ဆန်းတို့က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၁၄၄.၂၇၅)သန်းဖြင့် တင်ဒါအောင်မြင်သည့် မန်းကေသီဦးကုမ္ပဏီမှ ဆောင်ရွက်သည့် တောင်တွင်းကြီး -အောင်လံကားလမ်းမကြီးဘေးရှိ အင်တောသာကျေးရွာလမ်း နှင့် ဂွေးကုန်းကျေးရွာလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ(အုန်းတော)တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ
Jan 20,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်းခွဲ(အုန်းတော)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉)နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ ရေကန်များတွင် ရေဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 20,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ ရေကန်များအား သန့်ရှင်းရေးဆောင်ရွက်၍ ရေဖြည့်တင်းခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။