သတင်းများ

ကျွန်းစုမြို့နယ်အတွင်းရှိ ‌ဒေသခံပြည်သူများအား  တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ ဆေးကုသပေးမည်
Jan 20,2025
တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးရန်အတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကမ်းကြီးကျေးရွာရှိ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ အမှတ် (၁၀) ရေတပ်ဆိပ်ခံတံတားသို့ ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) ဖြင့် ရောက်ရှိခဲ့သည်။
မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်
Jan 20,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့သစ်မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကလေးစာဖတ်ခန်းတွင် မူလတန်းအဆင့်  ပုံပြင်ပြောပြိုင်ပွဲပြုလုပ်
Jan 20,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင်  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့်  ကျောင်းသား/သူများဖြင့် ယနေ့နံနက် ၉ နာရီ အချိန်က ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်၌ မြို့မဈေးအတွင်း/အပြင်ရှိ ဆိုင်ခန်းရှင်များ ကျုးကျော်၍ ဈေးရောင်းချမှုမရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ပေး
Jan 20,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်ရှိ ဆိုင်ခန်းရှင်းများ ကျူးကျော်၍ ဈေးရောင်းချမှုမရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
မိတ္ထီလာမြို့နယ် အိုင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ်ထုတ်ချေး
Jan 20,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြင်းကန်အုပ်စု အိုင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာဘုန်း‌တော်ကြီး‌ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jan 20,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ ဝေနေယျသုခဓမ္မာရုံသို့ရောက်ရှိပြီး ပုဗ္ဗသီရိမြို့နယ်အတွင်း ဧည့်စာရင်းတိုင်ကြားပြီး လာရောက်နေထိုင်ကြသည့် အိမ်ထောင်စုများစာရင်းပြုစုထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအား မှာကြားသည်။
ရှေ့တန်းအမှတ်(၁) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်ကြီးတပ်စုမှ မိုင်းခုတ်မြို့ရှိ တပ်ရင်း တပ်ဖွဲ့မိသားစုဝင်များ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အပန်းဖြေ ပျော်ရွင်စေရေး လာရောက်သီဆိုကပြဖျော်ဖြေပေး
Jan 20,2025
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်ကြီးတပ်စုမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့ရှိ တပ်ရင်း တပ်ဖွဲ့မိသားစုများ ဒေသခံတိုင်းရင်းသား ပြည်သူများ စိတ်အပန်းဖြေ ပျော်ရွှင်စေရေး လာရောက်သီဆိုကပြဖျော်ဖြေပွဲကို ဇန်နဝါရီလ (၁၈) ရက်နေ့ ည ၇ နာရီခွဲမှစတင်၍ မိုင်းခုတ်တပ်နယ်ရှိ ဘုရင့်နောင်ခန်းမ၌ သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ
Jan 19,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နံပတ်(၁)ကိုယ်ပိုင်အထက်တန်းကျောင်း(စကု)မှ ဦးဆောင်ကျင်းပသည့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။