သတင်းများ

သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပ
Jan 19,2025
ကျောင်းသား/သူများ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community center) ခန်းမ၌ ယမန်နေ့က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ဆုရရှိသည့် အားကစားသမားများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅ခုနှစ်၊  မြို့နယ်အဆင့် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပေးခဲ့ရာ အဆိုပါပြိုင်ပွဲများမှ အားကစားနည်းများ ဆုရရှိသည့် အားကစားသမားများအား ယမန်နေ့ညနေပိုင်း၌ သရက်ချောင်းမြို့၊ (အ.ထ.က)သရက်ချောင်းကျောင်းဝင်းကွင်းပြင်၌ ဆုချီးမြှင့်‌ပေးခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာအလင်းရောင် တိုးမြှင့်ထွန်းညှိရေး ပရဟိတမှ ဘာသာရပ်ထူးချွန်ပြိုင်ပွဲကျင်းပ
Jan 19,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာအလင်းရောင် တိုးမြှင့်ထွန်းညှိရေးပရဟိတမှ ဘာသာရပ်ထူးချွန်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ အထက်တန်းကျောင်း(ခွဲ)မြို့မကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jan 19,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က မြို့မကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကသာခရိုင်၌ စာဖတ်ဝိုင်းကျင်းပ
Jan 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာ မောင်ကျေးဇူးရေးသားသည့် “ ကိုယ့်ကိုယ်ကို နှိမ့်ချမာန်မာနကင်းမှုအနုပညာ”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် စိုက်ခင်းအမျိုးမျိုးအတွက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် ပျိုးပင်မျိုးစုံပျိုးထောင်ထားရှိ
Jan 19,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစိမ်းလန်းစိုပြည်ရေးနှင့် စိုက်ခင်းအမျိုးအမျိုးအတွက် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် မဲဇလီ၊ ဒဟတ်၊ ဖျောက်ဆိပ်၊ သင်္ဘောကုက္ကို၊ ယူကလစ်၊ တမာ စသည့် ပျိုးပင်မျိုးစုံပျိုးထောင်ထားရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့် လုပ်ငန်းလမ်းညွှန်သင်တန်းပြုလုပ်
Jan 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် “နိုင်ငံတစ်ဝန်းလုံး၌ အသက် (၁)နှစ်မှ(၅)နှစ်အရွယ်ကလေးများကို Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း(Phase II) မြို့နယ်အဆင့် လုပ်ငန်းလမ်းညွှန်သင်တန်း”ကို ယမန်နေ့က ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ(အမျိုးသား)ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကျင်းပ
Jan 19,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ(အမျိုးသား)ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၂ နာရီ အချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။