သတင်းများ

တောင်ကြီးမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jan 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က တောင်ကြီးမြို့ရှိ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများ၊ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံ ပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်အဆင့် Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် အသိပညာပေးဆွေး‌နွေး
Jan 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်အဆင့် အသက်(၁)နှစ်မှ(၅)နှစ်အရွယ်ကလေးငယ်များကို Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရန် အသိပညာပေးဆွေး‌နွေးခြင်းအခမ်းအနားကို ယနေ့နံနက်၁၀နာရီတွင် မြို့နယ်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်းဆင်းပွဲကျင်းပ
Jan 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသော အခမ်းအနားမှူးသင်တန်းကို ယမန်နေ့က သင်တန်းဆင်းခဲ့ကြောင်း သိရသည်။
ကျေးရွာနေပြည်သူများအတွက် ကျေးရွာချင်းဆက်ကတ္တရာလမ်းခင်းဆောင်ရွက်နေမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ်ကြည့်ရှုစစ်ဆေး
Jan 19,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦးနှင့် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးပြည်မှူး၊ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းထက်ဦးနှင့်တာဝန်ရှိသူများသည် မြိတ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းဆောင်ရွက်နေမှုအား ဇန်နဝါရီ (၁၆)ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Jan 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကျင်းပ
Jan 19,2025
ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် မြန်မာကျောင်းသားများအနေဖြင့် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်၊ အများပြည်သူကျောင်းသားလူငယ်များမှထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိစေရန်နှင့် အသိပညာများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂ဝ၂၅ (ရန်ကုန်)ကို ယနေ့နံနက်ပိုင်းတွင် The Eravati Sule Grand Yangon Hotel ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ကော့မှူးတွင် ဆန်စပါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆန်စက်များ စနစ်တကျ မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းကြည့်ရှု
Jan 19,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း အသုံးပြုလျက်ရှိသော ဆန်စက်များအား ဆန်စပါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေး ဆန်စက်များ စနစ်တကျ မှတ်ပုံတင်နိုင်‌ရေးတို့ကို ယမန်နေ့မွန်းလွဲပိုင်းက‌ တောင်ပိုင်းရပ်ကွက်၊ ထမ္မနိုင်‌ကျေးရွာ၊ ဝါးဘလောက်သောက်ကျေးရွာ၊ သမင်ခြံကျေးရွာ၊ သခွတ်ပင်ကျေးရွာများသို့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်
Jan 19,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ စျေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ သာယာဝတီမြို့၊ မြို့မစျေးကြီးနှင့် သုံးဆယ် မြို့မဈေးတို့၌ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။