မိုးနဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်ပင် ၉၃၇ ဧကစိုက်ပျိုးပြီး

မိုးနဲ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်ပင် ၉၃၇ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်ပင်များအဖြစ် မုံညင်း၊ မုံလာ၊ နံနံ၊ ဆလပ်၊ ကော်ဖီ၊ ငရုပ်၊ အာလူး စသည့် ဟင်းသီးဟင်းရွက်များအားလုံး (GAP) နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ဓာတုဓာတ်ကြွင်း အနည်းဆုံး ဖြစ်စေရေးနှင့် ကျန်းမာရေးနှင့်ကိုက်ညီစွာ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် နှစ်စဉ်ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးလျက်ရှိရာ ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်ရေးနှင့် မြို့နယ်အတွင်း စားသုံးမှုဖူလုံစေပြီး ဈေးကွက်လိုအပ်ချက်ဖြစ်သည့် ဝယ်လိုအားမျှတလာကာ လူမှုစီးပွားဘဝများ မြင့်မားလာစေရေးအတွက် ဟင်းသီးဟင်းရွက်များကို တိုးချဲ့စိုက်ပျိုးနိုင်ရန် လိုအပ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)