သတင်းများ

ပေါင်းတည်၌ မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
Aug 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာသည် ယခုလတ်တလော အိမ်နီးချင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားနေ၍ မြန်မာနိုင်ငံသို့ ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိ​သည်။
ထားဝယ်မြို့တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ
Aug 30,2024
ဥပဒေရေးရာဝန်ကြီးဌာန၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 30,2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ မိမိတို့ဝန်းကျင်ရှိသစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် စင်ကာပူ - မြန်မာ သက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မျောက်ကျောက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Aug 30,2024
တနင်္သာရီတိုင်းဒေသကြီး မျောက်ကျောက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဗဟန်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Aug 30,2024
သစ်တောသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို ပြည်သူလူထုအတွင်း နိုးကြားသော အသိစိတ်ဓာတ်ရှင်သန်စေရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက် (၁၁) နာရီခွဲအချိန်က သစ်တောဦးစီးဌာနက ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင် ''အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့'' အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Aug 30,2024
တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ လ ၇ ရက်နေ့တွင် ကျရောက်မည့် ''အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့'' အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဂုဏ်ပြုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာ၊ ကျောက်ဆည်တက္ကသိုလ် (၂၂) နှစ်‌မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သော အထိမ်းအမှတ်ပြပွဲ/ပြိုင်ပွဲ၌ ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့၌ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ
Aug 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။