ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပညာတန်ဆောင်ရုပ်ပြ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ အ.လ.က (၂၁)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာတန်ဆောင်ရုပ်ပြ စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာနိုင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းထွန်းတို့က အနီးကပ်ကြီးကြပ်၍ အ.လ.က (၂၁)ကျောင်း အုပ်ဆရာမကြီး ဒေါ်မာလာစိုးက ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းသား/ကျောင်းသူ (၄၉)ဦး ဝင်ရောက်ယှဥ်ပြိုင်ကြသည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲကို နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ စစ်ဆေးသွားမည်ဖြစ်ပြီး ပထမ၊ဒုတိယ၊တတိယဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူ (၃)ဦးတို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
စိုးသီဟ(အမရ)