ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ
Jan 25,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ နန်ချွန် (တောင်) ကျေးရွာဆည်မြောင်းရုံးရှိ အလုပ်ရုံများ၊ ဂိုဒေါင်များနှင့် ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က အဆိုပါဌာန၏ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။