ဟုမ္မလင်းမြို့၌၊ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် (KG) ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးခြင်းဆောင်ရွက်

ဟုမ္မလင်း ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ်၊ (KG)ကျောင်းသား၊ ကျောင်းသူများအား၊ ကျောင်းတွင်းအာဟာရကျွေးခြင်းကို ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းအုပ်စုရှိ၊ (အ.လ.က-ခွဲ ခေါင်ခမ်း)၊ (အ.လ.က -တာပတောင်း)၊ (အ.လ.က- ခွဲ -နားသဲ) (မူလွန် -နားနှုံး၊) (မူလွန်- ပါမလုံ) ကျောင်းများတွင် ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ အဆိုပါကျောင်းများတွင် ကျွေးမွေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ အာဟာရကျွေးခြင်းသည် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး၊ ၃၀ ရာခိုင်နှုန်း၊ လိုအပ်ပြီး KG အရွယ်ကျောင်းသား၊ ကျောင်းသူတစ်ဦးအတွက် ၅၅၅ ကီလိုကယ်လိုရီ လိုအပ်မည်ဖြစ်သည်။ နေ့လယ်စာတွင် အသားဓာတ်သည်တစ်နေ့တာလိုအပ်ချက်၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းလိုအပ်ပြီး KG အရွယ် ကျောင်းသား၊ ကျောင်းသူတစ်ဦးအတွက်  ၁၈ ဂရမ်လိုအပ်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ (KG)ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးခြင်းကို ဟုမ္မလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၅) ကျောင်းရှိ၊ KG ကျောင်းသား၊ ကျောင်းသူ (၅၃၁) ဦးအား၊ ထမင်း၊ ကြက်သား၊ ကုလားပဲနှပ်၊ ဟင်းရွက်ကြော်၊ မြေပဲလှော်၊ ရွှေဖရုံသီးချက်၊ ပဲဝါလေး၊ ကြက်ဥပြုတ်၊ ဖီးကြမ်းဌက်ပျောသီးစသဖြင့် အာဟာရ သတ်မှတ်ပုံစံနှင့်အညီ ကျွေးမွေးခဲ့‌ကြောင်း၊ ဟုမ္မလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန၊  ဟုမ္မလင်းမြို့နယ် အခြေခံပညာတို့နှင့်အတူ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)