ဖျာပုံမြို့နယ်တွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား အခမဲ့ဆေးဝါးကုသပေး
Jan 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ပါ ရေယာဉ် (၃) စီးဖြင့် အထွေထွေရောဂါကု ဆရာဝန် ဗိုလ်မှူးကြီး ရဲဖြိုးအောင် ဦးစီးသော အရာရှိ/ အခြားအဆင့်(၃၃+၄၄) ဦး အဖွဲ့သည် ဖျာပုံမြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ရှင်သန်နေထိုင်စေရေးကို ရည်ရွယ်၍ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့်အတူ အခမဲ့ဆေးဝါးကုသဆောင်ရွက်ပေးကြသည်။