ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

ရေတာရှည် ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ နန်ချွန် (တောင်) ကျေးရွာဆည်မြောင်းရုံးရှိ အလုပ်ရုံများ၊ ဂိုဒေါင်များနှင့် ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းကို ယနေ့မွန်းလွဲ () နာရီအချိန်က အဆိုပါဌာန၏ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆည်းမြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(စက်မှုတိုင်း၂)မှ ညွှန်ကြားရေးမှူး ဦးကြည်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကောင်းထက်နိုင်မှ မီးဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မီးသတ်ဦးစီးနှင့်တပ်ဖွဲ့ဝင်များက မီးသုံးစွဲမှုအခြေအနေနှင့် မီးစနစ်တကျသုံးစွဲမှု ရှိ/မရှိကို လိုက်လံစစ်ဆေးပြီး မီးဘေးအန္တရာယ်နှင့်ပတ်သက်သည်များ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေးပြောကြားခဲ့သည်။

ထို့‌နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြုခြင်း၊ မီးလောင်မှုဖြစ်ပေါ်လာလျှင် မီးငြှိမ်းသတ်ယာဉ်တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်း၊ မီးဘေးကြောင့် ထိခိုက်မိသူများအား အရေးပေါ်ကုသမှုပြုလုပ်ခြင်း၊ အရေးပေါ်ယာဉ်ဖြင့် စနစ်တကျသယ်ယူခြင်းတို့ကို သရုပ်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါဌာန ရှိဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်း အသိပညာများကို ရရှိခဲ့ပြီး မီးဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြမှုများကို စိတ်ဝင်တစားကြည့်ရှုအားပေးခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)