သတင်းများ

မြဝတီမြို့၌ ပြည်လုံးချမ်းသာဓမ္မာရုံတော် မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Jan 25,2025
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်၊ ဓမ္မရက္ခိတကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မှုသော ဓိဌာန်အောင်စေတီတော်ပရဝုဏ်အတွင်း အသစ်တစ်ဖန် ပြန်လည်ဆောက်လုပ်မည့် ပြည်လုံးချမ်းသာဓမ္မာရုံတော် မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း၌ ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နယ် အခြေခံပညာကျောင်းများရှိ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်
Jan 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံတော်၏ အရေးကြီးသည့် လူသားအရင်းအမြစ်များဖြစ်သည့် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန် ရည်ရွယ်၍ အခြေခံပညာကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jan 25,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာအနီးတွင် နေကြာသီးနှံ ၁၅၀ ဧက တစ်ကွင်းတစ်ဆက်တည်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ရွှေဘိုမြို့ ရန်ကြီး​အောင် ဝန်ထမ်း/အငှားအိမ်ယာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ ဆောင်ရွက်
Jan 25,2025
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့ ရန်ကြီး​အောင်ဝန်ထမ်း/အငှားအိမ်ယာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ​ပေး​ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြသခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးနန်းမြို့အနောက်ဘက်ရှိ စည်ရှည်တံတား တည်ဆောက်ပြီးစီးနေမှုအခြေအနေ၊ မြို့တွင်းလမ်းများ သန့်ရှင်းသပ်ရပ်မှုနှင့် ယာဉ်ကြောပြအမှတ်အသားများ ထင်ရှားစေရန် သန့်ရှင်းနေမှုများအားလိုက်လံကြည့်ရှုစစ်ဆေး
Jan 25,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးရာ ဝန်ကြီး မြို့တော်ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးနန်းမြို့အနောက်ဘက်ရှိ စည်ရှည်တံတား ပြန်လည်ဆောက်ပြီးစီးနေမှုနှင့် မြို့တွင်းလမ်းမကြီးများသန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆေးကြောသန့်ရှင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 25,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ယွန်းလျှံမြန်မာလယ်ယာသစ်တော ကုမ္ပဏီလီမိတက် တာဝန်ရှိသူများမှ Agro(+)Project ဆောင်ရွက်နေမှုများအား ရှင်းလင်းပြသသည့် အခမ်းအနားသို့တက်ရောက်
Jan 25,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့အား ယွန်းလျှံမြန်မာလယ်ယာ သစ်တောကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက Agro(+) Project ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက လာရောက် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် အရည်အသွေးကောင်းသော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် သဘာဝစိုက်ပျိုးရေးသွင်းအားစုများထုတ်လုပ်သုံးစွဲရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပ
Jan 25,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သဘာဝစိုက်ပျိုးရေးသွင်းအားစုများ ထုတ်လုပ်သုံးစွဲရေး တောင်သူအသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာအုပ်စု၊ သာဂရကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။