ပျော်ဘွယ်မြို့နယ်၌ ကျေးလက်တံတား ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 25,2025
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ဇီးကွဲ-အုန်းပင်ခြံကျေးရွာချင်းဆက် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးသူဇာလှ၊ မြို့နယ်တာဝန်ခံ ဒေါ်စုမွန်ဖွေးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။