ဟုမ္မလင်း ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပန်းအလှပြုပြင်ခြင်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဧဆက်က ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်ရှိ အမျိုးသမီးများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး တစ်နိုင်တစ်ပိုင် စီးပွားရေး၊ စီးပွားဖြစ်လုပ်ကိုင်လာနိုင်စေရေး၊ နေ့စဉ်ဝင်ငွေတိုးတက်မြင့်မားလာစေရေးအတွက် ပန်းအလှထိုးနည်းသင်တန်းကို အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်ဝမ်မင်က အခမ်းအနားများတွင် ပန်းအလှဆင်ခြင်း၊ စားပွဲတင်ပန်းအိုး အလှပြုပြင်ခြင်း ပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၂) ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်များမှ သင်းတန်းသူ (၂၀) ဦး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင် မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအဖွဲတို့မှ သင်တန်းသူ (၂၃) ဦး၊ စုစုပေါင်း (၄၃) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)