ဟုမ္မလင်းမြို့၌ ပထမအကြိမ် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းသဘင် ကျင်းပ

ဟုမ္မလင်း ဇန်နဝါရီ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုကိပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဟုမ္မလင်း)၏ ပထမအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(အကြီးတန်း)တတိယနှစ်နှင့် တတိယနှစ်(အငယ်တန်း)များ၏ တန်းစဥ်ပေါင်းဆုများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို စစ်ကိုင်းတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် မြတ်မင်းသန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ၊ စီမံကိန်းနှင့် ငွေစာရင်း)မှ ဦးထွန်းထွန်းထွေးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ဒုတိယပိုင်းအစီစဥ်ဖြင့် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင်အား ဆက်လက်ကျင်းပရာ ဟုမ္မလင်း စိုက်သိပ္ပံကျောင်းအုပ်ကြီး ဦးသန့်ဇင်က ပထမအကြိမ် စိုက်ပျိုးရေးဒီပလိုမာ (၄၂)ဦးအား အပ်နှင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)