ပေါင်းတည်မြို့၌ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေး Biometric Data ကွင်းဆင်းကောက်ယူ
Jan 25,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် Biometric Data ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက မင်းကွက်(၂)ရပ်ကွက်နှင့် ဘွဲ့ပင်ကန်ရပ်ကွက်များတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။