သတင်းများ

ရွှေဘိုသူနာပြုသင်တန်း​ကျောင်း အပတ်စဥ်(၅) သူနာပြု-သားဖွားဒီပလိုမာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပ
Jan 25,2025
စစ်ကိုင်တိုင်းဒေသကြီး၊ ​ရွှေဘိုသူနာပြုသင်တန်း​ကျောင်းတွင် အပတ်စဥ်(၂) ပထမနှစ် သူနာပြုသားဖွားဒီပလိုမာသင်တန်းမောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မုံရွာမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ
Jan 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းဌေးဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်-၃ ထပ်တိုးဆောင်ရွက်သည့် အစီအစဥ်ဖြင့် မုံရွာမြို့ အမှတ်(၉၂၉) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ ‌မွန်းလွဲ ၂ နာရီက အဆိုပါ  အမှတ်(၉၂၉) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 24,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ (၁)နာရီက ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်းရှိ လူနာများအား အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ကွင်းဆင်းဆေးကုသ
Jan 24,2025
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာရှင်များအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
ဖြူးမြို့နယ်​ဒေသ အတွင်းအိမ်အသုံးအဆောင် ဝါးထရံယက်လုပ်သည့် လုပ်ငန်းများမှာ စျေးကွက်ဝင် တွင်ကျယ်လျက်ရှိ
Jan 24,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အိမ်အသုံးအဆောင် ဝါးထရံယက်လုပ် ရောင်းချပေးသည့်လုပ်ငန်းမှာ စျေးကွက်ဝင် တွင်ကျယ်စွာရောင်းချနေလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jan 24,2025
ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဝင်းဗိုလ်ဦးဆောင်၍ အုတ်တွင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကော့မှူးတွင် သားဆက်ခြားနည်းလမ်းများအကြောင်း အသိပညာပေးဟောပြော
Jan 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တွံတေးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်ကျင်းပသော သားဆက်ခြားနည်းလမ်းများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်​ရေးအဖွဲ့ (သာကေတမြို့နယ်) အလုပ်အမှုဆောင် ခန့်အပ်လွှာပေးအပ်
Jan 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းဝေးခန်းမ၌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ သာကေတမြို့နယ်၏ အလုပ်အမှုဆောင်ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်ကကျင်းပရာ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။