သတင်းများ

နမ့်စန်မြို့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့သင်တန်း ဖွင့်လှစ်
Sep 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက နမ့်စန် လေတပ်စခန်းဌာနချုပ်အတွင်းရှိ လေသူရဲစာသင်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူး၍ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများမှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲကို ယနေ့နံနက်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 16,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့ ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ရွှေဘိုတက္ကသိုလ်၌ မျောက်ကျောက်ရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါများ အ​ကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုတက္ကသိုလ်၌ Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေးနှင့် ပြင်းထန်ဝန်းပျက်ဝမ်း​လျှော ရောဂါများအ​ကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာ မျိုးမျိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ရပ်စောက်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်
Sep 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်) ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်
Sep 16,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ/ ဉာဏ စွမ်းရည်ဖွံ့ဖြိုးလာစေရေးအတွက် ယမန်နေ့က ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပခဲ့သည်။
ကျိုက်ထိုမြို့နယ် အ.မ.က (သိမ်ငူ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်
Sep 16,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်ရှိ အ.မ.က (သိမ်ငူ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။
ပခုက္ကူမြို့၊ ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများအဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး
Sep 16,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေး တာဝန်ရှိသူများ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။