သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) သို့ တက်ရောက်
Jan 28,2025
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံစဉ်ဆက်ပညာရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့် ကြီးကြပ်သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
Jan 28,2025
မွန်ပြည်နယ် ၂ဝ၂၅ ခုနှစ်၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစဉ်ဆက်ပညာရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့် ကြီးကြပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြည်ကြီးတံခွန်မြို့နယ်ရှိ MSMEလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ ဆေးတက္ကသိုလ်-မန္တလေး မိသားစု၏ ၅၈ ကြိမ်မြောက် ကထိန်အောင်ပွဲ ညဈေးပွဲတော်သို့ တက်ရောက်အားပေး
Jan 28,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇန်နဝါရီလ (၂၇) ရက်နေ့ မွန်းလွဲပိုင်းက ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ MSME လုပ်ငန်းများလည်ပတ်နေမှုအခြေအနေတို့ကို ကွင်းဆင်း စစ်ဆေးခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၃၅) ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
မြဝတီမြို့မူလွန် (မြေနီကုန်း) ၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုပေးပွဲ ကျင်းပ
Jan 28,2025
ကရင်ပြည်နယ်၊ မြဝတီမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ မြေနီကုန်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီ က အဆိုပါကျောင်းဝင်း၌ ကျင်းပသည်။
တိုက်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ​(အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jan 28,2025
တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသော ရပ်ကွက်/ကျေးရွာ အုပ်စု(အမျိုးသား)အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ဘူတာရပ်ကွက် ဂျိုးဖြူအားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး
Jan 28,2025
ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီမှ ပေးပို့လာသည့် လူဦးရေစာရင်းများ မှန်ကန်စေရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဦးရေစာရင်း(စတုတ္ထမူကြမ်း)အား Hard Copy ထုတ်၍ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကူညီရေးဆောင်ရွက်ပေးရေး ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 28,2025
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။