သတင်းများ

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် စဉ်ဆက်မပြတ်ပညာရေးလုပ်ငန်းခရိုင်အဆင့်နည်းပြနှင့် ကြီးကြပ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 28,2025
ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်မပြတ်ပညာရေးလုပ်ငန်းခရိုင်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြ
Jan 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးဦးဆောင်၍ ကြာနီကန်ရပ်ကွက်၊ အခြေခံပညာအထက်တန်း (ကြာနီကန်) တွင် ယမန်နေ့ နေ့လယ်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြသခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (၃၀) ကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (၃၀) ခုကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရသည်။
မင်းလှမြို့၌ အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထုတ်ပေး
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထုတ်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ လူမှုရေးပင်စင်များကို ယမန်နေ့ နံနက် (၁၁) နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅၀)ခုအနက် သားသတ်လုပ်ငန်းလိုင်စင် (၄)ခုကို ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပေးခဲ့
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်စနစ်ဖြင့် ရောင်းချရန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅၀)ခုအနက် သားသတ်လုပ်ငန်းလိုင်စင် (၄)ခုအား လေလံရောင်းချပေးခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မိုင်းပျဉ်းမြို့ ကျောင်းလုံပရယတ္တိစာသင်တိုက်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Jan 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ကျောင်းလုံပရိယတ္တိစာသင်တိုက်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပကြောင်း သိရသည်။
ကျွန်းကုန်းကြီးကျေးရွာ သုတရတနာစာကြည့်တိုက်ရှိ သုတရသစာအုပ်များ စနစ်တကျစာရင်း ရေးသွင်းပြုစုနိုင်ရေး အသိပညာပေးဆောင်ရွက်
Jan 28,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျွန်းကုန်းကြီးကျေးရွာ သုတရတနာ စာကြည့်တိုက်တွင် အသုံးပြုသွားမည့် သုတရသ စာအုပ်စာစောင်များအား စနစ်တကျစာရင်းရေးသွင်းပြုစုနိုင်ရေးအတွက် စာကြည့်တိုက်မှူးနှင့် ကော်မတီဝင်များ၊ ကျေးရွာရှိ စာဖတ်ဝါသနာရှင် လူငယ်လူရွယ်များအား အသိပညာပေးဆောင်ရွက်ခြင်းကို ကျွန်းကုန်းကြီးကျေးရွာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။