ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ဒဂုံမြောက် ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၃၅) ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမတွင်မန်နေ့ နံနက် ၉ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ၊ ဦးတင်ထွန်းအောင်က ကျောင်းသား၊ ကျောင်းသူ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူလှက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)တို့က ခင်းကျင်းပြသထားသော မီးသတ်ပစ္စည်းကိရိယာများအား လက်တွေ့သရုပ်ပြသခြင်း၊ DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်မှုပြသခြင်း၊ မီးသတ်ယာဥ်စက်မှ ရေပက်ဖြန်းငြှိမ်းသတ်မှုများကို လက်တွေ့သရုပ်ပြသခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား(၅၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ