တာမွေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်(၁၄၀)လမ်း အမှတ်(၃၆/အေ)ရှိ RCC (၁)ခန်း (၈)ထပ် တိုက်အမျိုးအစား (၄)လွှာတွင် ဇန်နဝါရီလ(၂၆)ရက်နေ့ ည(၈)နာရီ(၂၀)မိနစ်အချိန်က အိပ်ခန်းအတွင်းရှိ မီးကြိုးခွေတပ်ဆင်ထားသော မီးပလပ်ခေါင်း အပူလွန်ကဲ၍ အရည်ပျော်ပြီး မီးပွားကျရာမှ အောက်ရှိမွေ့ယာပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။