သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၆)ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးနှင့် ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် လာရောက်သင်ကြားပေးသော ဆရာ / ဆရာမများအား ပူဇော်ကန်တော့ပွဲနှင့်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစုဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက  ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးနှင့် ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် လာရောက်သင်ကြားပေးသော ဆရာ၊ ဆရာမများအား ပူဇော်ကန်တော့ခြင်းနှင့် စာဖြေကျောင်းသား/ ကျောင်းသူများအား ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
သရက်မြို့၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်၊ သစ်‌တောဦးစီးဌာနက ကျင်းပြုလုပ်သည့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အ.ထ.က(ခွဲ) အ.လ.က(၃) ကျောင်းခန်းမတွင် ကျင်းပခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
နတ်မောက်မြို့နယ် စာရံအိုင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး      
Jan 28,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဧကာဒသမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက စာရံအိုင့်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Jan 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဓာတ်မြေသြဇာ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိကို မြို့နယ်ယူရီးယား ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။
လက်ပံတန်း၌ ကျောင်းတွင်းအာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ရင်သွေးငယ်များအား အာဟာရကျွေးမွေး
Jan 28,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပညာရေးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းတွင်းအာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ရင်သွေးငယ်များအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အ.ထ.က (၃) မူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ ဆရာတော် ဦးခန္တီကော၏ သက်တော် (၃၅)နှစ်၊ ဝါတော်(၁၁)ဝါပြည့် ဝိဇတမွေးနေ့အလှူမင်္ဂလာပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Jan 28,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာအနီးတွင် တောရသီတင်းသုံးတော်မူနေသည့် ဆရာတော် ဦးခန္တီကော၏ သက်တော် (၃၅)နှစ်၊ ဝါတော်(၁၁)ဝါပြည့် ဝိဇတမွေးနေ့အလှူမင်္ဂလာပွဲကို ယမန်နေ့က အဆိုပါကျေးရွာအနီးရှိ ဆီလီကြွမ်းခမ်းဘုန်းကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
နတ်မောက်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ်၌ ကျောင်းတွင်းအာဟာရများ ကျွေးမွေး
Jan 28,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်း (လွန်) ကလိုင်းကနိုင်ကျောင်းနှင့် အမှတ် (၆) မူလတန်းကျောင်းတို့၌ ကျွေးမွေးခဲ့သည်။