သတင်းများ

ပင်လောင်းမြို့နယ် ပင်လောင်းကြီးကျေးရွာ၌ ဖောင်တော်ဦးဘုရားပွဲတော် အစဉ်လာမပြတ် ကျင်းပလျက်ရှိ
Sep 20,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်လောင်းကြီးကျေးရွာ၌ ဖောင်တော်ဦးဘုရားပွဲတော်အား နှစ်စဉ် တော်သလင်းလပြည့်ကျော် (၁)ရက်နေ့တွင် အစဉ်လာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Sep 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဆီဆိုင်မြို့ အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်သည်။
ခရမ်းမြို့နယ် အ.ထ.က (၁) အ‌ခြေခံပညာအထက်တန်းကျောင်းတွင်လူငယ် စကားဝိုင်းကျင်းပ
Sep 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ခရမ်းမြို့ အ.ထ.က ၁ အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လျှပ်စစ်ဝန်ထမ်းများအားတွေ့ဆုံ၊ ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်
Sep 20,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပူတာအိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် လျှပ်ဝန်ထမ်းများအား စက်တင်ဘာ ၁၉ ရက် နေ့လည်ပိုင်းက စည်ပင်နှင့်လျှပ်စစ်ရုံးခန်းမ၌ သီးခြားစီတွေ့ဆုံကာ ထောက်ပံ့ငွေများထောက် ပံ့ပေးအပ်သည်။
ညောင်တုန်းမြို့၊ ရေဝိုင်းပိုင်း အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ
Sep 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို၊ အမှတ် (၄) ရပ်ကွက်ရှိ ရေဝိုင်းပိုင်း အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအကြောင်း ပညာပေးရှင်းလင်းဆွေးနွေး
Sep 20,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား (၂၀၂၄) ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအကြောင်း အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
အမရပူရမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲပြုလုပ်
Sep 20,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင် ယမန်နေ့နံနက်၁၀နာရီအချိန် ကနိုင်ငံတော်အကြီးအကဲက  KG + 12 တက်ရောက်နေသည့် ကျောင်းသားများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ် အရွယ်ဖြစ်ပြီး KG + 12 ပြီးလျှင် အသက် ၁၈ နှစ်ထဲသို့ ရောက်ရှိမည်ဖြစ်ရာ အသက်အရွယ်အရ မဲပေးရန်အကျုံးဝင်နိုင်သူများ ဖြစ်လာနိုင်၍ ၎င်းတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေတို့နှင့်ပတ်သက်၍ သိရှိအောင်ဆောင်ရွက်ပေးရန် လမ်းညွှန်မှုအရ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာ ဟောပြောပွဲကို ကျင်းပခဲ့သည်။
မတ္တရာမြို့နယ်တွင် နေကြာမျိုးစေ့​ပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာရောင်းချပွဲ အခမ်းအနားပြုလုပ်
Sep 20,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေကြာမျိုးစေ့​ပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။