သတင်းများ

အ-ထ-က ပိုင်ကျုံကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 28,2025
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ အ-ထ-က ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ  စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်
Jan 28,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ ခေတ်ဘုန်းသစ် ရေးသားသည့် သင်ယူနေတဲ့ကလေးတွေ စာအုပ်ဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့၌ အမျိုးသမီးများဘဝ ဖွံ့ဖြိုးလာစေရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Jan 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရေး၊ ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ပြီး မိသားစုဝင်ငွေတိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခဲ့သည့် အခြေခံစက်ချုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများဆောင်ရွက်
Jan 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ  KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေး
Jan 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ.ထ.က ကျွန်းစုကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အ.ထ.က ကျွန်းစုကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
အ.ထ.ကမိုင်းနောင်နှင့် အ.မ.က(၂၈၆)ကျောင်းများရှိ KG ကျောင်းသား၊ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်
Jan 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အ.ထ.ကမိုင်းနောင်နှင့် အ.မ.က(၂၈၆)ကျောင်းတို့တွင် KG ကျောင်းသား၊ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများကို ယနေ့ နေ့လည်(၁၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်
Jan 28,2025
ပူပြင်းခြောက်သွေ့သော ရာသီအချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်၍ ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးများ ကွင်းဆင်းစစ်ဆေး‌ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ မြရည်နန္ဒာရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။
တာလေမြို့၌ စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်ဆိုင်ရာ အခွင့်အရေး လိုင်စင်များ လေလံရောင်းချပွဲကျင်းပ
Jan 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တာလေမြို့နှင့် ကျိုင်းလပ်မြို့တို့၏ မြို့နယ်ခွဲစည်ပင်သာယာရေးအဖွဲ့များ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား အိပ်ဖွင့်လေလံစနစ်ဖြင့် လေလံရောင်းချပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။