သတင်းများ

ပေါင်းတည်၌ စားဖိုဆောင်ဟင်းသီးဟင်းရွက် ပဲစောင်းလျားစိုက်ပျိုးမှု အကျိုးဖြစ်ထွန်း
Jan 28,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဆောင်းရာသီ ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးမှု ၁၂၀၉၇ ဧကရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရပြီး ယခုအခါ စားဖိုဆောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည့် ပဲစောင်းလျားသီးများကို ခူးဆွတ်ရောင်းချကာ အကျိုးအမြတ်ရရှိနေကြ၍ တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပြည်-ရန်ကုန်ကားလမ်းပေါ်၌ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား
Jan 28,2025
ပြည်မြို့နဝဒေးနယ်မြေရှိ မိုင်တိုင်အမှတ်(၁၇၇/၁) ပြည်-ရန်ကုန်ကားလမ်းပေါ်၌ ယမန်နေ့မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်က (ရန်ကုန်-ပြည်-ပေါက်ခေါင်း)ပြေးဆွဲသည့် ဘုန်းမြတ်ပိုင်ခရီးသည်တင် မှန်လုံယာဥ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
သတင်းရိုက်ကူးတည်းဖြတ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်
Jan 28,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က သတင်းရိုက်ကူး တည်းဖြတ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်တွင် ကွင်းဆင်းဆာင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲအောင်မြင်တော်မူကြသော ရဟန်းသာမဏေ၊ သီလရှင်ဆရာလေးများအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂ဝ၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်ရဟန်းသာမဏေ၊ သီလရှင်ဆရာလေးများအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက လှိုင်မြို့နယ် ဇေယျဝတီစာသင်တိုက်တွင် ကျင်းပခဲ့သည်။
သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြော
Jan 28,2025
သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် အ.လ.က (သာယာဝတီ) ၌ ကျင်းပသည်။
သာယာဝတီမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်
Jan 28,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ ယခုအခါပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် လူထုနှင့်ဌာနဆိုင်ရာများ၏ အဆောက်အဦ၊ ပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရန် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော ပွဲနှင့်မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သစ်ထုတ်လုပ်ရေးရုံးဝန်းအတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ် အ.ထ.က(၁)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ် စာအုပ်စာစောင်ပြပွဲကျင်းပ
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့​ နံနက် (၁၂) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။