တိုက်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ​(အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၂၈

တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသော ရပ်ကွက်/ကျေးရွာ အုပ်စု(အမျိုးသား)အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ဘူတာရပ်ကွက် ဂျိုးဖြူအားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရပ်ကွက်/ ကျေးရွာအုပ်စု (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ဥက္ကံ(၄)အသင်းနှင့် တိုက်ကြီး (၁) ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်းစုံ(အမျိုးသား) အလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသူအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ပြီး ရပ်ကွက်/ ကျေးရွာအုပ်စု (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲကို အသင်း(၁၂)သင်းအား အုပ်စု(၄)အုပ်စုခွဲကာ ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁၂ ရက်အထိ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)