သတင်းများ

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jan 28,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံကိန်းဦးစီးဌာနရုံးသို့သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာနမှ အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပုံ လက်တွေ့ပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Jan 28,2025
စိုက်ပျိုးရေးတောင်သူများ သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရန်နှင့် သဘာဝမြေဩဇာသုံးစွဲခြင်းဖြစ် မီးခိုးမြူလျော့ချနိုင်စေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ စိုက်ပျိုးရေးတောင်သူများအတွက် အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပုံ လက်တွေ့ပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ပေါ့အင်ကျေးရွာအုပ်စု ထီရွေးထီရယ်ကျေးရွာ တောင်သူဦးဘသော်၏ တစ်ကွင်းတစ်စပ်တည်း ကြက်သွန်ဖြူ ဧက(၄၀)စံပြစိုက်ခင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ဟုမ္မလင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Woman  Club) ဖြင့်  စာဖတ်ဝိုင်းကျင်းပ
Jan 28,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများ စာဖတ်ရှိန်မြှင့်မားရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စာရေးဆရာ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)ရေးသားထားသည့် " အလုပ်ဆိုတာအင်အားပါ " စာအုပ်နှင့် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Woman Club) ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်‌စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ) အကြိမ် ကျောင်းတွင်း နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ) အကြိမ် ကျောင်းတွင်း‌ နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကမာကဆစ်ရပ်ကွက်ရှိ အမှတ် (၂၁) အခြေခံပညာမူလတန်းကျောင်းနှင့် ဘုရင့်နောင်ရပ်ကွက်ရှိ အမှတ် (၁၉) အခြေခံပညာမူလတန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
နောင်တရားမြို့ အ.ထ.ကကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 28,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပသည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဒုတိယအကြိမ် (KG) ကလေးငယ်များအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း
Jan 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဇန်နဝါရီလ၊ ဒုတိယအကြိမ် (KG) ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ကျွေးမွေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေး
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG ကျောင်းသား/ကျောင်းသူလေးများကို ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အိုးဘိုရပ်ကွက် အ.မ.က(၅)ဓာတ်မီးကျောင်းနှင့် အ.မ.က(၈)ဗိုလ်ချုပ်ကျောင်းတို့တွင် ဆောင်ရွက်သည်။
ဓနုဖြူမြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ KG ကျောင်းအတွင်း အာဟာရကျွေးမွေးခြင်းဆောင်ရွက်
Jan 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ KG ကျောင်းအတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နေ့လယ်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။